ကသာ ၊ ၁၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ ပြည်သူများအား Mask တပ်ဆင်ပြီး အပြင်ထွက်သွားလာရေး Mask Campaign ကို ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ကသာမြို့ရှိ မီးပွိုင့်လမ်းဆုံနှင့် အထက(၁) ကျောင်းရှေ့နေရာများတွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ Mask မတပ်ဆင်ဘဲ အပြင်ထွက် သွားလာသူများကို ဒဏ်ငွေပေးဆောင်စေခြင်း၊ Mask များပေးဝေခြင်းနှင့် ပြည်သူများအနေဖြင့် အပြင်ထွက် သွားလာပါက Mask များ တပ်ဆင်ပြီးမှသာ သွားလာရန် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရဲအောင်(ကသာ)


