မြန်အောင်၊ ၁၁ ဇန်နဝါရီ
မြန်အောင်မြို့နယ်အတွင်း ကျေးလက်ဒေသ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ကျေးရွာ(၅)ရွာတွင် တွင်းနက်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်ထံမှ သိရသည်။
မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် မြန်အောင်မြို့နယ်အတွင်း ကျေးလက်ရေရရှိရေး တွင်းနက်တူးဖော်ခြင်းလုပ်ငန်းကို ညောင်တန်းကျေးရွာ၊ ခုနှစ်အိမ်တန်းကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ ဒေါင့်ကြီးကျေးရွာနှင့် ငါးဘတ်ချောင်းကျေးရွာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စင်မြင့်ရေစင်၊ ရေစုကန်၊ ရေစက်ရုံနှင့် ခြံစည်းရိုးကာရံခြင်းတို့ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မြန်အောင်မြို့နယ်အတွင်း ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းများကို ကျေးရွာငါးရွာတွင် စုစုပေါင်းလုပ်ငန်းကုန်ကျငွေ ကျပ် ၆၃ ဒသမ ၃၆ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Htut Gone ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ရန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)


