၁၁  ဇန်နဝါရီ

 

တိုင်းဒေသကြီး/ပြည်နယ်များတွင် စပါး၊ ပဲမျိုးစုံနှင့် သီးနှံမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို သမဝါယမနည်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ယခုအခါတွင် မျိုးစေ့ထုတ်သမဝါယမအသင်း ၁၈၁ သင်း ဖွဲ့စည်းထားရှိပြီး ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးထုတ်လုပ်ရာတွင် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းကောင်းမွန်သော ပျိုးသက်ငယ် ကောက်ကွက်ကြဲစိုက်စနစ်၊ စပါးအစွမ်းဖွင့်စိုက်စနစ် (System of Rice Intensification SRI) တို့ဖြင့် မျိုးစေ့ထုတ်သမဝါယမအသင်းများမှ စိုက်ဧက ၁၃၃၇၁.၁၈ ဧက စိုက်ပျိုးခဲ့ရာ မျိုးသီးနှံ ၅၆၅၂၅၇ တင်းအထိ ထုတ်လုပ်နိုင်ခဲ့သည်။ ထွက်ရှိလာသည့် မျိုးကောင်းမျိုးသန့်များကို မြို့နယ် သမဝါယမအသင်းစုများမှတစ်ဆင့် သမဝါယမအသင်းဆိုင်များတွင် အပ်ကုန်စနစ်ဖြင့် ထားရှိပြီး ယင်းအသင်းဆိုင်များမှတစ်ဆင့် တောင်သူလယ်သမားများလက်ဝယ်အရောက် ယနေ့အထိ မျိုးသီးနှံ ၃၆၆၉၅၇.၅၀ တင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ထို့ပြင် အသင်းများအတွက် လိုအပ်သော စိုက်ပျိုးစရိတ်အရင်းအနှီးများကို အသင်းပိုင်ငွေကျပ် ၁၉၃.၀၈၇ သန်း၊ EXIM Bank ပံ့ပိုးချေးငွေကျပ် ၁၃၉၃.၉၅၀ သန်းနှင့် CERP ထောက်ပံ့ငွေကျပ် ၅၄၉.၆၀၂ သန်း၊ စုစုပေါင်းပံ့ပိုးချေးငွေကျပ် ၂၁၃၆.၆၃၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။

MDN