ကလေး၊ ၁၁ ဇန်နဝါရီ
စစ်ကိုင်တိုင်းဒေသကြီး ကလေးမြို့နယ် ထိုမာနည်းပညာ ပြန့်ပွားရေးစင်တာအတွင်းရှိ ကျွန်းတောကျေးရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဂျုံ (၈) မျိုးစမ်းသပ်ကွက်အား ယနေ့နံနက်ပိုင်းက ခရိုင်မျိုးစေ့တာဝန်ခံ နှင့် နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကလေးခရိုင် မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်နှင့် ထိုမာနည်းပညာ ပြန့်ပွားရေးစင်တာမှ ဒု-လက်ထောက်ဦးစီးမှူး ဦးဝင်းမင်းဦးနှင့် တာဝန်ရှိသူများသည် ဂျုံမျိုးများ အပင်ဖြစ်ထွန်းမှု၊ မြေဩဇာလိုအပ်မှုများနှင့် မျိုးစေ့အရည်အသွေးများကို စစ်ဆေးခဲ့ကြပြီး တက်ရောက်လာကြသည့် တောင်သူများအား မျိုးစေ့ထုတ်ခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ကလေးမြို့နယ် ကျွန်းတောကျေးရွာတွင် ဂျုံစမ်းသပ်ကွက် လေးကွက် စိုက်ပျိုးလျက်ရှိပြီး ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေး တောင်သူများ အခက်အခဲရှိပါက သက်ဆိုင်ရာနည်းပညာ ပြန့်ပွားရေးစင်တာများမှ ချိတ်ဆက်ကာ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေး မေးမြန်းနိုင်ကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


