နေပြည်တော်၊  ၁၁  ဇန်နဝါရီ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတ်ငွေ့ရည်အရောင်း ဆိုင်(နေပြည်တော်) နှင့် ဗလသိဒ္ဓိရပ်ကွက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ၆ ခန်းတွဲ ၄ ထပ် အမှုထမ်းအိမ်ရာအသစ် တိုက်အမှတ် (၂၃၁၁၇) တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဉီးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(နေပြည်တော်)သို့ ရောက်ရှိရာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူး(ကုန်ထုတ်)နှင့် တာဝန်ရှိသူများက ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင် (နေပြည်တော်) တည်ဆောက်ထားရှိမှု၊ သိုလှောင်/ ဖြန့်ဖြူးမှုများနှင့် CSR အစီအစဉ်အရ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရေနံဓာတ်ငွေ့ ရည်ဖြန့်ဖြူးပေးနေမှုများကို ရှင်းလင်းတင်ပြပြီး ဉီးဆောင်ညွှန်ကြားရေးမှူး ဉီးအောင်မြင့်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် နိုင်ငံပိုငအဖွဲ့အစည်းဖြစ်သဖြင့် အကျိုးအမြတ်ရရှိစေရန် စီးပွားရေးတွက်ချေကိုက်မှုရှိသည့် လုပ်ငန်းများသုံးသပ်ဆောင်ရွက်ရေး၊ ရေနံဓာတ်ငွေ့ ရည်အရောင်းဆိုင်များ၏ စီမံခန့်ခွဲမှုနှင့် ဖွဲ့စည်းပုံစနစ်တကျရှိစေရေး၊ မြေယာပိုင်ဆိုင်မှု ခိုင်မာပြီးပြတ်အောင် ဆောင်ရွက်ရေး၊ ဘေးကင်းလုံခြုံ၍ ပိုမိုမြန်ဆန်ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရေနံဓာတ်ငွေ့ရည်အိုးများကို ထိုက်သင့်သည့် ဈေးနှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားရေးနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး)အား  ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးမြင့်လာရေးအတွက် စက်ပြုပြင်ထိန်းသိမ်းမှု၊ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန်  နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ စက်ရုံစက်စွမ်းအား ပြည့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ရရှိရေး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များကိုမှာကြားပြီး ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၂၃၁၁၇၊ ၆ ခန်းတွဲ ၄ ထပ်အမှုထမ်းအိမ်ရာ အသစ်သို့ရောက်ရှိရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဉီးဆောင်ညွန်ကြားရေးမှူး ဦးဉာဏ်ထွန်းနှင့် အင်ဂျင်နီယာချုပ် (ဆောက်လုပ်ရေး)တို့က ဝန်ထမ်းများ၏ နေထိုင်ရေး အခက်အခဲရှိသည့်အတွက် အမှုထမ်းမိသားစုများအား နေရာချထားပေးနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်တည်ဆောက်ခဲ့ပါကြောင်းနှင့် အိမ်ထောင်စု ၂၄ စုအား နေရာချထားပေးမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။       

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှအိမ်ရာများ တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီဖြစ်ရေး၊ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး၊ စိမ်းလန်းသာယာလှပစေရေးအတွက် အရိပ်ရသစ်ပင်များ စိုက်ပျိုးရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံမှုအထူးဂရုပြု ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီးအိမ်ရာအား လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

11

 

4

 

3

 

1