နေပြည်တော်၊  ၁၁  ဇန်နဝါရီ

တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၃ နာရီခွဲတွင် အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၂)ရပ်ကွက်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ် ၁၂၂/၂ နှင့် ၁၂၂/၃ ကြားတွင် အောင်သော်သော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၁,၉၀၀  ကိုလည်းကောင်း။

ထို့အတူ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် (၁၄၄)လမ်းထောင့်တွင် ညီမင်းသူ (ခ)အောင်လေး(ခ)အစန်းအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၄၀ ကိုလည်းကောင်း၊

အလားတူ ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမှုလွယ်ရပ်နေ စိုင်းအိုက်ကျော် (ခ)အိုက်ကျော်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား