နေပြည်တော်၊  ၁၁  ဇန်နဝါရီ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ဘဏ်မှထောက်ပံ့ သော Pandemic Emergency Facility (PEF) Grant ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များမှ အခြေခံကျန်းမာရေးပညာရှင်များအတွက် ကျန်းမာရေးပသိပညာမြှင့်တင်ရေးလက်စွဲစာအုပ်ကို အသုံးပြု၍ Training of Trainers on Capacity Building of Basic Health Service Professionals on community engagement amid the COVID-19 pandemic အား(Zoom) ဖြင့်သင်တန်းပို့ချမည့် ဖွင့်ပွဲကို ယနေ့နံနက် နာရီတွင် နေပြည်တော်၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦးက ညွှန်ကြားရေးမှူးချုပ် ရုံးခန်းမှ (Zoom)ဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ မြင့်မားလာသည်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူလူထုကသိရှိပြီး ရယူနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုသိရှိရယူလာနိုင်သည်နှင့် အမျှ ပြည်သူလူထု ပူးပေါင်းပါဝင်လာကာ ပြည်သူလူထု နှင့်ကျန်းမာရေးဝန်ထမ်းများ တစ်သား တည်းဖြစ်သွားမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအောင်မြင်လာမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားနေစဉ် ပြည်သူအားလုံးက ကာကွယ်ရေးနည်းလမ်းများကို သိရှိနားလည်ပြီး ကာကွယ်ရေး အပြုအမူများကို လူတိုင်းကလိုက်နာမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကျဆင်းလာမည်ဖြစ်ကြောင်း၊  ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်လာခြင်းက အရေးကြီးပြီး ကျန်းမာရေးဝန်ထမ်းများက ပြည်သူလူထုကို မည်သို့ပူးပေါင်းဆက်သွယ်ပြောဆိုမည်ဆိုသည့် နည်းလမ်းများ၊ ကျန်းမာရေးအသိ ပညာပေး သည့် နည်းစနစ်များကို သိရှိထားရန်အလွန်အရေးကြီးကြောင်း၊ သိရှိထားလျှင် ကာကွယ်ရေး လုပ်ငန်းများကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထို့ကြောင့် ယင်းသင်တန်းများကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယနေ့ဖွင့်လှစ်သောသင်တန်းမှာ ပထမအကြိမ်ဖြစ်ပြီး ဇန်နဝါရီ (၁၁)ရက်မှ (၁၅)ရက်ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ပြည်နယ်သင်ကြားရေး အဖွဲ့ဝင်များအား သင်တန်းပို့ချသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကို ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲမှ သင်တန်းဆရာများ၊ အငြိမ်းစားကျွမ်းကျင် ပညာရှင်များနှင့် ဆေးတက္ကသိုလ်(တောင်ကြီး) ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာနမှ သင်တန်းဆရာများက ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်