မော်စကို၊ ၁၂ ဇန်နဝါရီ
ကမ္ဘာအနှံ့ လူပေါင်း ၁ ဒသမ ၅ သန်း ကို ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သည်ဟု ဇန်နဝါရီ ၁၁ ရက်တွင် ရုရှားနိုင်ငံက ကြေညာခဲ့သည်။
ရုရှားရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေမှ Sputnik V ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ် ကျခံခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ကာကွယ်ဆေး ထိုးခြင်းကို မည်သည့် နေရာများတွင် ဖြန့်ဝေခဲ့သည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။ ရုရှားနှင့် ကျန်ကမ္ဘာ့အစိတ်အပိုင်းများသို့ မည်မျှဖြန့်ဝေထားကြောင်း အသေးစိတ် မပြောနိုင်သေးကြောင်း ရုရှားရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေမှ ပြောရေးဆိုခွင့်ရှိသူ အာစနီပါလာဂင် က ပြောသည်။
ကာကွယ်ဆေး ရရှိထားသည့် နိုင်ငံများက အသီးသီးထုတ်ပြန်ကြလိမ့်မည်ဟု ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် ဩဂုတ်လအတွင်း ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ပထမဆုံး မှတ်ပုံတင်သည့်နိုင်ငံဖြစ်ပြီး အနောက်နိုင်ငံများမှ ဆေးဝါးကုမ္ပဏီများထက် အချိန်စောကာ ကာကွယ်ဆေးကို မှတ်ပုံတင်ခဲ့သည်။ နိုင်ငံရပ်ခြားမှ ဆေးမှာယူထားမှု တစ်ဘီလီယံရှိသည်ဟုလည်း ပြောကြားခဲ့သည်။
ယခုလအတွင်း ရုရှားနိုင်ငံသား ၈၀၀၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးခဲ့ပြီး ပြည်ပနိုင်ငံများသို့လည်း ကာကွယ်ဆေး ၁ ဒသမ ၅ သန်း ဖြန့်ဝေပြီးဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီး မီခေးလ် ရက်ရှ်ကိုက ပြောသည်။
အေအက်ဖ်ပီ