ဖလမ်း၊ ၁၂ ဇန်နဝါရီ
ဖလမ်းမြို့၊ လမ်းဆုံထီးရိပ်အနီး ဗိုလ်ချုပ်လမ်းဘေးရှိ ရွှေခြင်္သကားဂိတ်အပါအဝင် လူနေအိမ်(၆)လုံး ဇန်နဝါရီ ၁၂ ရက် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကို ဖလမ်းခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် လည်းကောင်း၊ ဒေသခံပြည်သူများက လည်းကောင်း ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ကြရာ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်မန်းလှယ်ဇိန်း (၆၉ နှစ်) နှင့် ဒေါ်ရဇိန်း အသက်(၄၂ နှစ်)တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုအခြေအနေကို ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ကွပ်ကဲဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်