၁၂ ဇန်နဝါရီ

 

 

ပေါ်တူဂီသမ္မတ မာစီလို ရီဘီလိုဒီဆိုဆာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည်ဟု ယမန်နေ့ညက ပေါ်တူဂီသမ္မတ တရားဝင်ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

 

 

ရီဘီလိုဒီဆိုဆာသည်  ပီစီအာ စမ်းသပ်စစ်ဆေးမှုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ကို တွေ့ရှိရကြောင်း ပီစီအာစစ်ဆေးမှုကို ရည်ညွှန်းကာ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

 

ရောဂါကူးစက်ခံရသော သမ္မတမှာ အသက် ၇၈ နှစ်အရွယ်ရှိပြီး ရောဂါလက္ခဏာ ပြသခြင်း မရှိကြောင်း၊ သမ္မတနန်းတော်တွင် အလုပ်များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် သီးခြားနေထိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

၎င်းက လာမည့်ရက် အနည်းငယ်အတွက် လုပ်ငန်းစဉ် အားလုံးကို ပယ်ဖျက်ထားသည်ဟု ထပ်လောင်းဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို