ဂန့်ဂေါ၊ ၁၂ ဇန်နဝါရီ

 

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်ခင်ရန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင် တောင်သူများလေ့လာနိုင်ရန် ရေဆင်းစပ်မျိုးနေကြာ(၁)ကို စံပြကွက်အဖြစ် စိုက်ပျိုးထားသည်။

 

“ရိုးရိုးနေကြာမှာ နေကြာတစ်တင်း ကြိတ်လျှင် ဆီနှစ်ပိဿာ ငါးဆယ်ကျပ်သားသာရပြီး စပ်မျိုးနေကြာမှာ ဆီ လေးပိဿာငါးဆယ်ကျပ်သားအထိ ရနိုင်ပါတယ်၊ တစ်ဧကအထွက်နှုန်းလည်း ကောင်းပါတယ်၊ ဂန့်ဂေါမြို့နယ် အတွင်း စပ်မျိုးနေကြာကို ဆောင်းရာသီတွင် နှစ်စဉ် ဧက ၂၅၀ မှ ၃၀၀ ကျော်အထိ စိုက်ပျိုးနေကြပါပြီ၊ ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရေး စံပြကွက်များ စိုက်ပျိုးပြသရခြင်းဖြစ်ပါတယ်” ဟု  တောင်ခင်ရန်းကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံ (လက်ထောက်ဦးစီးမှူး) ဦးဗိုလ်မောင်က ပြောပြသည်။

 

အဆိုပါ နည်းပညာပြန့်ပွားရေးစင်တာတွင် ဖောငမြှောင်တောင်၊ ကန္တာရကျိုင်းကောင်နှင့် ကော်ဖီနှံကောင်အကြောင်း သိကောင်းစရာ နံရံကပ်ပိုစတာများ၊ ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းနှင့် စိုက်ပျိုးရေး နည်းပညာပေး နံရံကပ်ပိုစတာများကို လေ့လာကြည့်ရှုနိုင်ရန် ကပ်ပေးထား​ကြောင်း သိရသည်။

 

၁၄၄