မိုင်းခတ်၊  ၁၂   ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ မြို့တွင်းကတ္တရာလမ်းများ ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပါဆံကျ အခြေခံပညာအထက်တန်းကျောင်းသွားလမ်း ကွန်ကရစ်လမ်းခင်းခြင်းကို ဇန်နဝါရီ ၇ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းမှာ အလျား  ပေ ၈၀၀၊ ထု ၆ လက်မ၊ အကျယ် ၁၂ ပေရှိပြီး မြို့နယ် စည်ပင်သာယာရေး ခွင့်ပြုငွေကျပ် (၂၄၉)သိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်နေပြည်သူများ ရာသီမရွေး သွားလာနိုင်ပြီး သယ်ယူပို့ဆောင်ရေးလွယ်ကူ လျင်မြန်စွာအသုံးပြုနိုင်တော့မည်ဖြစ်သည်။ ကွန်ကရစ်လမ်းအရည်အသွေးပြည့်မီရေး၊ ကြာရှည်ခိုင်ခံ့မှုနှင့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအောက်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများ ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

အလားတူ အာစီကျောင်းသွား ကွန်ကရစ်လမ်းအလျား ပေ ၄၅၀၊ ထု ၆ လက်မ၊ အကျယ် ၁၂ ပေရှိ ကွန်ကရစ်လမ်းကို မြို့နယ်စည်ပင်သာယာရေး ခွင့်ပြုငွေကျပ်သိန်း (၁၄၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးတာဝန်ရှိသူထံမှ  သိရသည်။

မိုးဒေ(ပြန်/ဆက်)