နမ့်ခမ်း၊   ၁၂   ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆောက်လုပ်မည့် မိုးလုံလေလုံ အားကစားကွင်းမြေနေရာအား မြေသန့်မင်္ဂလာနှင့် ပန္နက်ရိုက်ခြင်း မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ  ၁၂ ရက် နံနက် ၁၀ နာရီခန့်က နမ့်ခမ်းမြို့ ပေါက်နေရပ်ရှိ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် သံဃာတော်များ ပင့်ဖိတ်ပြီး အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းနှင့် ကမ္မဝါရွတ်ဖတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်နှင့် တာဝန်ရှိသူများက မင်္ဂလာပန္နက်တိုင်များ ရိုက်ထူကြသည်။

 

နမ့်ခမ်းမြို့၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆောက်လုပ်မည့် မိုးလုံလေလုံအားကစားကွင်းကို ပြည်ထောင်စုရန်ပုံငွေကျပ်(၂၉၅)သန်းဖြင့် အရှည် ပေ (၁၂၀)၊ အကျယ် ပေ (၉၀)၊ (A)အဆင့် အားကစားရုံ Steel Structure (၁)ထပ်အား Timeless Myanmar ကုမ္ပကီလီမိတက်က တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဘဦး(ပြန်/ဆက်)