သံဖြူဇရပ်၊ ၁၂ ဇန်နဝါရီ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မီးဘေးလုံခြုံရေးအတွက် ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးသည်။
စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင် ခြောက်ဦးတို့က မီးဘေး အန္တရာယ်လုံခြုံရေးအတွက် စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ကန်များထားရှိမှု အခြေအနေ၊ ယာဉ်များဆီဖြည့်စဉ် လုပ်ဆောင်ထားမှုအခြေအနေ စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)


