မက်မန်း၊ ၁၂ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဆန်းအောင်ထွေး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကိုကိုဇင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်ထွေးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကိုကိုဇင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဉပဒေများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာ သော မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များမှ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)


