ညောင်လေးပင်၊ ၁၂ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် နွေစပါး စတင်စိုက်ပျိုးလျက်ရှိရာ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက စမ်းချောင်းကျေးရွာရှိ ဦးစိန်လွင်၏ လယ်ကွင်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်၊ နယ်မြေတာဝန်ခံ၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှု စခန်းတာဝန်ခံနှင့် ကွင်းဝန်ထမ်းများက မျိုးစေ့ချကိရိယာဖြင့် ရက် ၉၀ စပါးမျိုးအား ဦးစိန်လွင်၏ လယ်ငါးဧကပေါ်တွင် စိုက်ပျိုးခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်တွင် နွေစပါးကို ၂၉၀၃ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ဧက ၃၀ဝ ကျော်အား စိုက်ပျိုးပြီးဖြစ်ကာ ပျိုးသက်နုကောက်ကွက်ကျဲ(SRI)၊ ပေါင်ပျိုး၊ ကောက်စိုက်စက်နှင့် မျိုးစေ့ချကိရိယာ စိုက်နည်းစနစ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်(ညောင်လေးပင်)


