လှိုင်းဘွဲ၊ ၁၃  ဇန်နဝါရီ

 

ကရင်သက္ကရာဇ် ၂၇၆၀ နှစ်၊ ခရစ်နှစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်သော (၈၃)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့ အောင်မြင်သာယာ ဘုန်းတော်ကြီး ကျောင်းရှေ့ကွင်းပြင်၌ ယနေ့နံနက် ၆ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကရင်အမျိုးသား အလံတော်ကို ကရင်အမျိုးသားသီချင်းဖြင့် လွှင့်ထူပြီး အလေးပြု၍ အခမ်းအနားကို ဖွင့်လှစ်ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထံမှ ပေးပို့သော ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ဖတ်ကြားခဲ့သည်။

 

ထို့နောက် လှိုင်းဘွဲမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း ဥက္ကဋ္ဌ ဦးအုန်းတင်က ကရင်နှစ်သစ်ကူနေ့ မင်္ဂလာအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးသီချင်း “အောဟု အောဟောင်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားပြီးမြောက်ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)