၁၃ ဇန်နဝါရီ

 

 

ပင်တာဂွန်ရဲ့ ထိပ်တန်းအကြီးအကဲတွေက ဇန်နဝါရီ ၆ ရက်က ထရမ့်ထောက်ခံသူတွေရဲ့ ကွန်ဂရက် လွှတ်တော်ဝင်းအား ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး အခုလုပ်ရပ်ဟာ အခြေခံဉပဒေကို တရားမဲ့ စော်ကားလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်အား  အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

 

ပင်တာဂွန်စစ်ဌာန ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမာခ်မီလီ ဦးဆောင်တဲ့ ထိပ်တန်းအရာရှိကြီး ရှစ်ဦးအဖွဲ့က လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုဟာ အမေရိကန် ကွန်ဂရက် လွှတ်တော်နဲ့ အခြေခံဉပဒေကို တိုက်ရိုက်စော်ကားတာသာ ဖြစ်တယ်။ အခြခံဉပဒေပြုနေတာကို နှောင့်ယှက်တဲ့အပြုအမူဟာ အမေရိကန်ယဉ်ကျေးမှု၊ တန်ဖိုးနဲ့ ဉပဒေကို ဆန့်ကျင်ယုံတင်မကဘဲ ဉပဒေချိုးဖောက်တာသာဖြစ်ကြောင်း ရေးသားထားပါတယ်။

 

 

ဇန်နဝါရီ ၂၀ ရက်မှာ ကျင်းပမယ့် ဂျိုးဘိုင်ဒင်ရဲ့ သမ္မတကျမ်းကျိန်မယ့်နေ့ကို အကြမ်းဖက်မှုတွေကို ဖြစ်လာမှာစိုးရိမ်တဲ့အတွက် ပင်တာဂွန်ကနေ တပ်အင်အား ၁၅,၀၀၀ ဖြန့်ကြက်ချထားမယ်လို့ သိရပါတယ်။

 

 

ပင်တာဂွန်ရဲ့ ပြောခွင့်ရသူ ဂျော်နသန်ဟော့မန်းကလည်း သူတို့လက်ထက်မှာ ဘယ်လို အကြမ်းဖက်မှုမျိုးကိုမှ သက်ညှာသွားမှာ မဟုတ်ကြောင်း ပြောကြားပါတယ်။

 

 

မနေ့က ထုတ်ပြန်ချက်မှာ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်ရဲ့ ၄၆ ယောက်မြောက် ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျမ်းကျိမ်မှာ ဖြစ်ကြောင်း ပါရှိပါတယ်။

 

 

အမေရိကန် အခြေခံဉပဒေကို ဆန့်ကျင်တဲ့ နိုင်ငံခြားနဲ့ ပြည်တွင်း ရန်သူတိုင်းအတွက် ပင်တာဂွန်က လက်ခံမှာ မဟုတ်ကြောင်းပါ ပြတ်ပြတ်သားသား ရေးသားထားပါတယ်။

 

 

MDN

ကိုးကား - AFP