ကရသူရိ၊    ၁၃   ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇန်နဝါရီ  ၁၃ ရက် နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်ရှိ  အဘိုး အဘွားများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ဘိုးဘွား ငါးဦးကို အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

                       

စိုးဝင်း(ပြန်/ဆက်)

 

mdn