မောက်မယ်၊  ၁၃   ဇန်နဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၇၄ ဒသမ ၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း)၊  လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာ အုပ်စု၊ နားသဲကျေးရွာ  နားသဲ-ကျောင်းထမ် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းပေါ်ရှိ ကုန်ထုတ်တံတား ဆောင်ရွက်မည့်နေရာအား  ဇန်နဝါရီ  ၁၂ ရက်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်း၊ ဒုတိယဦးစီးမှူး ဦးစိုင်းမျိုးထက်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးအာကာဖြိုးတို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့်  သတ်မှတ်စံချိန်စံညွှန်းများဖြင့် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

 

mdn

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ကျေးရွာ နှစ်ရွာ၊ အိမ်ခြေ ၉၁ အိမ်နှင့် ကျေးလက်နေ လူဦးရေ ၃၉၁ ဦးအား အကျိုးပြုသွားမည်ဖြစ်ပြီး ကျေးလက်ကုန်ထုတ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)