၁၄ ဇန်နဝါရီ
အိန္ဒိယနိုင်ငံ တစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို ယခု သီတင်းပတ် စနေ၊ တနင်္ဂနွေတွင် စတင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကာကွယ်ဆေး ပမာဏ ၅ ဒသမ ၆ သန်းကျော်ကို လေကြောင်းလိုင်းများဖြင့် အင်္ဂါနေ့က သယ်ဆောင်ခဲ့သည်။
ပထမဦးဆုံး လုပ်ငန်းစဉ်အဖြစ် နိုင်ငံတစ်ဝန်းရှိ ကာကွယ်ဆေး ထိုးနှံမည့် စင်တာများသို့ ကာကွယ်ဆေးများ ပေးပို့သည်။
ဒေသခံများ ထိုးနှံရန်အတွက် AstraZeneca-Oxford ကာကွယ်ဆေးကို ပူနီမြို့ အနောက်ဘက်ရှိ အင်စတီကျု့ တစ်ခုတွင် ထုတ်လုပ်ခဲ့သည်။
ကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေးနှင့် အခြားသော ရှေ့တန်း တာဝန်ယူ လုပ်ဆောင်နေသူ သန်း ၃၀ ခန့်ကို ဦးစားပေး ထိုးနှံပေးမည်ဟု တာဝန်ရှိသူများက ဆိုသည်။
၎င်းတို့ ထိုးနှံပြီးလျှင် အသက် ၅၀ အထက်ရှိသူများနှင့် ရောဂါကူးစက်နိုင်ခြေရှိသူ သန်း ၂၇၀ ခန့်ကို ထိုးနှံပေးမည် ဖြစ်သည်။
အိန္ဒိယ ဝန်ကြီးချုပ် နာရိန်ဒရာမိုဒီက ထိုကာကွယ်ဆေး ထိုးနှံမှုသည် ရောဂါကာကွယ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ ဆေးဘက်ဆိုင်ရာ တရားဝင် အဖွဲ့အစည်းက AstraZeneca ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုရန် မကြာသေးမီက ခွင့်ပြုခဲ့သည်။
အိန္ဒိယ နိုင်ငံရှိ လူဦးရေ ၁၀ သန်းကျော်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို