၁၄ ဇန်နဝါရီ

 

 

သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် သမိုင်းမှာ ပထမဆုံး ရာထူးက ဖြုတ်ချရေးအတွက် နှစ်ကြိမ် တရားစွဲဆိုခံရတဲ့ သမ္မတ အဖြစ် ဗုဒ္ဓဟူးနေ့က သမိုင်းဝင်သွားပြီ ဖြစ်ပါတယ်။

 

 

သမ္မတ ထရမ့်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကွန်ဂရက် လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေက အကြမ်းဖက် ဝင်ရောက် စီးနင်းမှုမှာ ထရမ့်မှာ တာဝန်ရှိတဲ့အတွက် အခုလို ရာထူးမှ ဖြုတ်ချရေး တရားစွဲရေးကို အောက်လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

 

 

အောက်လွှတ်တော် ဉက္ကဋ္ဌဒီမိုကရက်ပါတီဝင် နန်စီ ပလိုစီက နိုင်ငံမှာ သမ္မတ အပါအဝင် ဘယ်သူမှ ဉပဒေအပြင်မှာ မရှိကြောင်း လွှတ်တော်က သက်သေပြလိုက်တာဖြစ်ကြောင်း ပြောပါတယ်။

 

 

သမ္မတ ထရမ့်ကို တရားစွဲဆိုရေးအတွက် အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၃၂ မဲ၊ ကန့်ကွက် မဲ ၁၉၇ မဲနဲ့ တရားစွဲဆိုရေး အောင်မြင်သွားတာဖြစ်ပါတယ်။ တရားစွဲတာကို ဒီမိုကရက်အမတ် အများစုက ထောက်ခံမဲပေးခဲ့တာဖြစ်ပါတယ်။ သမ္မတ ထရမ့်ရဲ့ ရီပတ်ပလစ်ကန် ပါတီမှ အမတ် ၁၀ ဦးလည်း ထောက်ခံမဲ ပေးခဲ့တဲ့အတွက် တရားစွဲဆိုရေး အောင်မြင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

 

အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်မှာ ဇန်နဝါရီ ၂၀ ရက်နေ့ပိုင်းမှာ စစ်ဆေးဖို့ ရှိပါတယ်။ ထရမ့်ကို တရားစွဲဆိုထားတဲ့ အမှုကို အထက်လွှတ်တော်မှာ စစ်ဆေးခဲ့ရာ တကယ်လို့ ပြစ်မှုကျူးလွန်ခဲ့ရင် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ကို တားမြစ်ခံရနိုင်ပါတယ်။

 

 

လာမယ့် သီတင်းပတ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဒီမိုကရက် ပါတီဝင် ဂျိုးဘိုင်ဒင်ဟာ အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

 

 

အမေရိကန် ရဲ့ ၄၅ ယောက်မြောက် သမ္မတ ဒေါ်နယ် ဂျေ ထရမ့်ဟာ လေးနှစ် သမ္မတ သက်တမ်းမှာ နှစ်ကြိမ် တိတိ ရာထူးက ဖြုတ်ချရေးအတွက် တရားစွဲဆိုခံရတဲ့ သမ္မတ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၂၄၅ နှစ် အတွင်းမှာ သမ္မတတစ်ဦးအား နှစ်ကြိမ် တရားစွဲတဲ့ ပထမဆုံး အဖြစ်အပျက်အဖြစ် မှတ်တမ်းဝင်သွားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP