ကောလင်း၊ ၁၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာမှာ ဆောင်းမြေပဲစံပြကွက်နဲ့ နွေစပါး စိုက်စနစ်မှန်ကန်ရေးနှင့် ပိုးမွှားကင်းထောက်မှတ်တမ်းကောက်ယူခြင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သူများကို နည်းပညာရှင်းလင်း မျှဝေပေးရာတွင် ကောလင်းခရိုင် မြေအသုံးချရေးတာဝန်ခံ ဒေါ်သူဇာဌေး၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံဒေါ်ဇာခြည်ဦး၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်း၊ ကောလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းညွှန့်၊ လက်ထောက် ဦးစီးမှူး ဒေါ်ကြူကြူဝင်းနှင့် လက်ထောက်ကွင်းတာဝန်ခံ ဦးဇော်လွင်တို့မှ တောင်သူများ၏ အခက်ခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး နည်းပညာများကို ကွင်းဆင်း မျှဝေရှင်းလင်းပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုလိုနည်းပညာများ မျှဝေပေးခြင်းဖြင့် တောင်သူများ သီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်တိုး ကောင်းမွန်ခြင်း၊ ပိုးသတ်ဆေးသုံးစွဲမှု့လျော့ချနိုင်ခြင်း အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ဒေသအတွင်း တောင်သူများ ကျယ်ပြန့်စွာ စိုက်ပျိုးနိုင်စေခြင်း စတဲ့အကျိုးအမြတ်တွေများစွာ ရရှိနိုင်မှာဖြစ်ကြောင်း ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်းထံမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


