၁၄ ဇန်နဝါရီ

 

 

ကျူးဘားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု များလာတဲ့အတွက် မြို့တော် ဟာဗားနားနဲ့ တခြားမြို့တွေမှာရှိတဲ့ ကျောင်းတွေအား ဒီနေ့ (ကြာသပတေးနေ့) ကစပြီး ပိတ်ထားမယ်လို့ ကြေညာပါတယ်။

 

 

မြို့တော်ရှိ ကျောင်းတွေကို ပြီးခဲ့တဲ့နှစ် မတ်လလယ်ကစပြီး အောက်တိုဘာလအထိ ပိတ်ထားခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်မှု နည်းပါးတဲ့ ဒေသတွေရှိ ကျောင်းတွေအား စက်တင်ဘာလမှာ ပြန်ဖွင့်ခဲ့ပါတယ်။

 

 

လူဦးရေ ၁၁ ဒသမ ၂ သန်းနေထိုင်တဲ့ ကျူးဘားနိုင်ငံရဲ့ စီးပွားရေး ပြန်လည်စတင်ရန် နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို ဖွင့်ပေးလိုက်တဲ့ တစ်ချိန်တည်းမှာ ရောဂါပိုး ကူးစက်မှု မြင့်မားလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ခရစ္စမတ် ပိတ်ရက် နောက်ပိုင်းမှာ ပိုးကူးစက်မှု များလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

၂၄ နာရီအတွင်း ရောဂါပိုး တွေ့ရှိသူ ၅၅၀ရှိကြောင်း ဗုဒ္ဓဟူးနေ့က ကျန်းမာရေး တာဝန်သူတွေက ပြောပါတယ်။ နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၁၆,၀၀၀ ကျော်ရှိသွားပြီး သေဆုံး ၁၅၈ ဦး ရှိကြောင်း သိရပါတယ်။

 

 

ကျန်းမာရေး ဒုတိယဝန်ကြီး ရော်ဘတ်တို မိုရာလေးက ဟားဗားနား အပါအဝင် စည်ပင်သာရေး နယ်နမိတ် ၃၄ ခုအတွင်းမှာ ကန့်သတ်မှု လုပ်ဆောင်သွားမှာဖြစ်ရာ ကျောင်းတွေပါ ပိတ်ထားမယ်လို့ ပြောပါတယ်။

 

 

အများသုံး ယာဉ်တွေကို ပိတ်ထားပေမယ့် ကုန်ပစ္စည်းတင် မော်တော်ယာဉ်တွေကို သွားလာခွင့်ပြုမယ်လို့ သိရပါတယ်။

 

 

ပညာရေးဝန်ကြီးက လာမယ့်သီတင်းပတ်ကစပြီး ရုပ်မြင်သံကြားကနေ သင်ခန်းစာတွေ ပို့ချသွားမယ်လို့ တွစ်တာမှာ ရေးသားပါတယ်။

 

 

ကျူးဘားနိုင်ငံက အမေရိကန်၊ မက္ကဆီကို၊ ပနားမား၊ ဒိုမေနီကန်၊ ဘဟားမားနဲ့ ဟေတီနိုင်ငံတွေ လာရောက်မယ့် လေကြောင်းလိုင်းတွေကို အခုသီတင်းပတ်တွေ အတွင်းမှာ ဖွင့်ပေးခဲ့ပါတယ်။

 

 

MDN

ကိုးကား - AFP

a1