ထန်းတပင် (ရန်ကုန်)၊   ၁၄   ဇန်နဝါရီ

           

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာလ အခက်အခဲရှိိသူများအား We Love Yangonမှ လှူဒါန်းထားရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို We Love Htantabin လူထု အခြေပြု ပရဟိတအဖွဲ့ (ထန်းတပင်) မှပြန်လည်၍ ကူညီထောက်ပံ့ဖြန့်ဝေပေးလျက်ရှိကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

           

ပြန်လည်၍ ထောက်ပံ့ဖြန့်ဝေရာတွင်လည်း အိမ်ထောင်စု ၁၅၀ အတွက် ထောက်ပံ့ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိရာမှ လက်ရှိအချိန်တွင် အိမ်ထောင်စု ၁၃၀ ကို အခြေခံစားသောက် ကုန်ပစ္စည်းများ ဖြန့်ဝေလှူဒါန်းပေးပြီးဖြစ်ကြောင်း  သိရသည်။

 

mdn

 

လှူဒါန်းရာတွင်လည်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလပိုင်းက ထန်းတပင်မြိုနယ်အတွင်း အမောက်ဝဲကျေးရွာ၊ ဂွေ့တန်းရှည်ကျေးရွာနှင့် စံချောင်းကျေးရွာတို့ရှိ အိမ်ထောင်စုတစ်ရာတို့အား ကိုဗစ်-၁၉ ရောဂါကာလ အခြေခံပစ္စည်း ငါးမျိုးတို့ကို ဖြန့်ဝေလှူဒါန်းထားပေးပြီးဖြစ်သလို လက်ရှိအချိန်တွင်လည်း အမှတ် (၂) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၁၀ စုနှင့် အမှတ် (၃) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၂၀ တို့ကို အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ခေါက်ဆွဲခြောက်ထုတ် ၃၀ နှင့် ငါးသေတ္တာ ၁၀ ဘူး တို့ကိုလည်း ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရပြီး ကျန်ရှိနေသေးသည့် အိမ် ထောင်စု ၂၀ စုတို့အတွက် ဆက်လက်ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ဘောလည်ကျွန်း၊ ရေတွင်းကုန်း ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးနှင့် သဘော့ချောင်းကျေးရွာတွင် အများပြည်သူသုံး ယင်လုံအိမ်သာ ၄ လုံး ဆောက်လုပ်ပေးသွားနိုင်ရေးတို့အတွက်လည်း We Love Htantabinမှ တာဝန် ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

                                                                                                           

ဇင်မင်းထိုက်(ထန်းတပင်)