ထားဝယ်၊ ၁၄ ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ နခံတောရွာ၊ ရပ်ခံတောင်ဘုရား အနောက်ဘက်ရှိ ဂဝံ ထုတ်လုပ်နေရာအား ရှေးဟောင်းနေရာတည်ရှိဇုန် (Ancient Site Zone)AZ အဖြစ် သတ်မှတ်နိုင်ရန် ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့သို့စစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဂဝံယဉ်ကျေးမှုထွန်းကားရာနေရာဟု ဖော်ပြနိုင်သော ရှေးယခင် (ခန့်မှန်း) အေဒီ-၈ ရာစုခန့်က ဂဝံထုတ်လုပ်ရာ နေရာတစ်ခုကို ရှာဖွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါနေရာသည် တိုင်းဒေသကြီး၏ ဂဝံယဉ်ကျေးမှု ထွန်းကားရာပြယုဂ်တစ်ခုဖြစ်သောကြောင့် ခေတ်အဆက်ဆက် လူငယ်များလေ့လာ သုတေသနပြုနိုင်ရန်၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်၍ ကြည့်ရှုလေ့လာရာ နေရာတစ်ခုဖြစ်လာစေရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်နေရာတစ်ခု ရေရှည်တည်တံ့စေရန်အတွက် ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်း၍ ကာကွယ်ထိန်းသိမ်းစောင့်ရှောက် ရန်လိုအပ်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ထားဝယ်ဌာနခွဲ)တိုင်းတာဝန်ခံ ဦးခင်မောင်စိုးထံမှ သိရှိရသည်။

 

(ထားဝယ်ခရိုင်ပြန်/ဆက်)

 

mdn