မကွေး   ၁၄   ဇန်နဝါရီ

     

မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ Stop COVID အဝါရောင် အသိပညာပေးလှုပ်ရှားမှု တစ်ရပ်ကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။

 

mdn

 

“ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းပေမယ့် မရပ်တန့်နိုင်ကြပါဘူး။ COVID-19 ‌ရောဂါ ရပ်သွားအောင် ကြိုးစားနေကြပါတယ်၊ သင်တို့အနေနဲ့လည်း အဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ပြီး အချင်းချင်းအသိပေး သတိပေးကြပါ၊ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုယ်တစ်ဦး အသိပေးပါ၊ သတိပေးပါ၊ STOP COVID-19 အဝါရောင် အသိပညာပေး အစီအစဉ်အရ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်းကို အထူးအလေ့အကျင့်ကောင်း တစ်ခုအဖြစ် ရေရှည်လုပ်ဆောင်ကြရမှာပါ၊ လူတိုင်းက အသိ၊ သတိ ရှိစွာ လိုက်နာဆောင်ရွက်ခြင်းနဲ့အတူ ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်” ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က ပြောသည်။

 

အဆိုပါ STOP COVID-19 အဝါရောင် အသိပညာပေး Campaign မှာ  တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် ကပ်ရောဂါနှင့် ပတ်သက်၍ သတိမှုပြီး စည်းကမ်းများ လိုက်နာကြစေရန်အတွက် အသိပေးသည့် အစီအစဉ်ဖြစ်ပြီး ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွား လာကြရန်၊ လက်ဆေးခြင်း အလေ့အကျင့်ကောင်းများ ဆောင်ရွက်ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်တို့ကို အသိပညာပေးခြင်းဖြစ်သည်။

 

သန်းနိုင်ဦး(ငဖဲ)

 

mdn