ရန်ကုန်၊ ၁၄ ဇန်နဝါရီ
Red Horse Dairy Industries Ltd. (PEP) ပက်(ပ်)နို့မှုန့်မှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) မြန်မာ့စီးပွားရေးဘဏ် စာရင်းအမှတ် (OA 013733) သို့ ငွေကျပ်သိန်း(၅၀၀) နှင့် ဝန်ထမ်းများမှ စုပေါင်းလှူဒါန်းငွေကျပ် ၃,၂၄၁,၀၀၀ ကို ဇန်နဝါရီ ၁၂ ရက်က လှူဒါန်းခဲ့ရာ လှူဒါန်းမှုအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းကရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် Red Horse Dairy Industries Limited မှ မန်နေဂျာ ဦးထွန်းထွန်းလေးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ ငွေကျပ် ၅၄၀,၀၀၀ တန်ဖိုးရှိ PEP အမှတ်တံဆိပ် UHT နို့ရည်ဘူးများလည်း လှူဒါန်းခဲ့သည်။ Red Horse Dairy Industries Ltd. (PEP) ပက်(ပ်) နို့မှုန့်မှ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီသို့ လှူဒါန်းငွေ ကျပ်သိန်း(၂၀၀)၊ ဝန်ထမ်းများမှ လှူဒါန်းငွေကျပ် (၁,၈၅၂,၀၀၀)၊ ကာကွယ်ဆေးဝယ်ယူရရှိ ရေးရန်ပုံငွေသို့ ငွေကျပ်သိန်း(၅၀၀)၊ ဝန်ထမ်းများမှ စုပေါင်းလှူဒါန်းငွေကျပ် (၃,၂၄၁,၀၀၀) အပါအဝင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီး၊ Quarantine Center များ၊ ပရဟိတအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မအူပင်မြို့နယ် အသင်း စသည့်နေရာများသို့ အလှူငွေနှင့် နို့ထွက်ပစ္စည်းများ လှူဒါန်းမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၁၂၇,၄၉၂,၆၅၀ အားလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အာကာစိုး


