ပေါင်၊  ၁၅  ဇန်နဝါရီ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဇန်နဝါရီ ၁၄ ရက်နေ့ ည ၇ နာရီအချိန်တွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်၊ တောင်ပေါ်တန်းနေ ပေါင်မြို့နယ် CB ဘဏ်ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

၎င်းဝန်ထမ်းသည် ပေါင်မြို့နယ် CB ဘဏ်တွင် ၁၂ ရက်နေ့ထိ တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ၎င်းနှင့် ထိစပ်ခဲ့သည့် ဘဏ်ဝန်ထမ်း ၁၃ ဦးအား ည ၁၀ နာရီအချိန်တွင် မော်လမြိုင်မြို့ ဒေါင်းဈေးရပ်ရှိ Golden Dream Hotel သို့ Hotel Quarantine ဝင်ရောက်နိုင်ရေးအတွက် လူမှုကူညီရေးအသင်းအဖွဲ့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။

 

အဆိုပါ CB ဘဏ်အား ၁၄ ရက်နေ့ည ၈ နာရီမှစ၍ အသွားအလာ ကန့်သတ်ပိတ်သိမ်းထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)