လှိုင်းဘွဲ၊ ၁၅ ဇန်နဝါရီ
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုမဖြစ်ပွားစေရန်နှင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်းများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်၍ အသိပညာပေး လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ရာတွင် လှိုင်းဘွဲမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စင်းဖြင့် မြို့အတွင်း၌ လှည့်လည်၍ ပြည်သူများ လျှပ်စစ်မီးအသုံးပြုရာတွင် စနစ်တကျ အသုံးပြုရန်၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်/မီးကဒ်များ/ရေပုံး/သဲပုံးများ စနစ်တကျထားရှိရန်၊ မီးလောင်မှု ဖြစ်ပွားနိုင်သည့် အချက်အလက်များ သိရှိစေရန်၊ မီးများကို အသုံးပြုရာတွင် အထူးဂရုပြု ဆောင်ရွက်ရန်၊ လျှပ်စစ်မီး အသုံးပြုရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ စသည့်မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များအား မြို့အတွင်း၌ အသံချဲ့စက်ဖြင့် လှည့်လည်၍ နှိုးဆော်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်ထွေးထံမှ သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


