သုံးခွ၊ ၁၅ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ သုံးခွမြို့၊ အမှတ်(၁၂) ရပ်ကွက်၊ တံတားကြီးအတက်နှင့် အမှတ် (၆) ရပ်ကွက်၊ တံတားကြီးအဆင်း၊ မြို့အဝင် စက်သုံးဆီဆိုင်ကွေ့၊ သုံးခွ - သန်လျင် ကားလမ်းမဘေး အနောက်ကျေးရွာအနီး၊ ၃၃ ကေဗွီ ဓာတ်အားလိုင်းကြိုး တစ်လျှောက်တွင် လျှပ်စစ်အင်ဂျင်နီယာဌာနက လိုင်းမင်းများ၊ ပြင်ပလုပ်သားများက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ယခုကဲ့သို့ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမှုကြောင့် ဓာတ်အားပျောက်ဆုံးမှုနည်းပါးခြင်း၊ ဗို့အားပြည့်ဝစွာ ရရှိခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်သစ်ကိုင်းများ လဲကျခြင်း၊ ကျိုးကျခြင်း မဖြစ်သဖြင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းခြင်း၊ လျှပ်စစ်အန္တရာယ် ကင်းဝေးစေခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးသက်မောင်၏ ပြောပြချက်အရ သိရသည်။
ကိုကျော်(သုံးခွ)


