အိမ်မဲ၊ ၁၅ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာ ဦးစီးဌာန၏ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာ ပန္နက်တင်အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အိမ်မဲမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းနှင့် တာဝန်ရှိသူများက ပန္နက်တင်ပေးခဲ့ပြီး အမွေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာသည် (40'×30'×11') ရှိ RCC တစ်ထပ်ဖြစ်ပြီ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၃၅ ဒသမ ၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် ရတနာရောင်စဉ်ဖြူကုမ္ပဏီက တာဝန်ယူတည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)


