မိုင်းယု၊ ၁၅ ဇန်နဝါရီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့နယ် မြေခံမီးသတ်စခန်း၌ စခန်းတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက ပြည်နယ်မီးသတ်ဦးစီးမှူး (ညွှန်ကြားရေးမှူး) ဦးအောင်ဝင်းစိန်နှင့် အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့သည် မိုင်းယုနယ်မြေခံ မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တပ်ဖွဲ့ဝင်များ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားခြင်း၊ မီးသတ်ရေယာဉ်၊ မီးသတ်စက်ပစ္စည်း ကိရိယာများနှင့် တပ်ဖွဲ့ဝင်များ အမြဲကျန်းမာ ကြံ့ခိုင်မှုရှိစေရန်နှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို ကြည့်ရှုစစ်ဆေး ခဲ့သည်။
ထို့ပြင် စခန်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ တပ်ဖွဲ့အတွင်း စီမံအုပ်ချုပ်ရေး လျော့နည်းသည့် ဖြစ်စဉ်များ မဖြစ်ပေါ်စေရန်၊ တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆည်ရေး လေ့ကျင့်ခန်းများ အစဉ်တစိုက် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြရန်နှင့် စခန်းတွင်း လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)


