တပ်ကုန်း၊ ၁၅ ဇန်နဝါရီ
နေပြည်တော် တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ငလျင်ဘေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လက်တွေ့သရုပ်ပြသ ခြင်းကို ဇန်နဝါရီ ၁၅ရက် နံနက် ၉နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းမင်းစိုးက ငလျင်ဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များကြောင့် ဖြစ်ပွားတတ်သည့် အကြောင်းအရာများ၊ လုပ်ဆောင်ရမည့် အချက်အလက်များအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် အထပ်မြင့်အဆောက်အဦအား ဇာတ်တိုက်လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)


