အိမ်မဲ၊ ၁၆ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးလက်တောရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၄ ရက်နေ့က ကျိုက်ပိကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင် ဦးဆောင်၍ ပြည်သူ့ဆေးရုံမှ ကုသရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအာဏာပိုင်အဖွဲ့အစည်းများ ကျန်းမာရေးကော်မတီများ၊ နယ်မြေခံ မိခင်နှင့်ကလေးကျန်းမာရေးမြှင့်တင်သူ (MCHP)များ၊ NGO များပူပေါင်း၍ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါသည်များ၊ ငါးနှစ်အောက်ကလေးများ အစရှိသည်တို့ကို ကျန်းမာရေးပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ငှက်ဖျားပိုးရှိမရှိ စစ်ဆေးပေးခြင်း၊ သွေးအုပ်စုခွဲပေးခြင်း အစရှိသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


