ကျောက်မဲ၊  ၁၆  ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် အရေးပေါ် လူနာတင်ယာဉ် တစ်စီးနှင့် ဆက်စပ်ပစ္စည်းများကို ကျောက်မဲမြို့၊ အမှတ် ၅ ရပ်ကွက်၊  "နန်းမြဦး" ပွဲရုံမှမောင်နှမများက  ၎င်းတို့၏ ဘိုး၊ ဘွား၊ ဘီ၊ ဘင်နှင့် မိဘဖြစ်သူ ပွဲစားကြီး ဦးအေးကို + ဒေါ်နန်မြဦးတို့အား ရည်စူး၍ ဇန်နဝါရီ ၁၅ ရက်နေ့က ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းပေးသည့် အရေးပေါ်လူနာတင်ယာဉ်ကို ရှင်သန်ရာ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များက လာရောက်ပေးပို့ လှူဒါန်းပေးခဲ့ပြီး လာရောက်လှူဒါန်းမှုအပေါ် ကျောက်မဲခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးထွန်း နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျောက်မဲမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့က ထပ်မံအလှူခံရရှိခဲ့သည့် ယာဉ်တစ်စီးအပါအဝင် စုစုပေါင်း အရေးပေါ်လူနာတင်ယာဉ် ၂ စီးရှိပြီဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)