မုံရွာ၊ ၁၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၀ ခုနှစ်အတွင်း၌ မီးလောင်မှု (၂၂၆)ကြိမ်ဖြစ်ပွားခဲ့ရာတွင် ငွေကျပ် (၇၅၅ ဒသမ ၄၆)သန်း ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထွဋ်ဦးထံမှ သိရသည်။
မီးလောင်မှု (၂၂၆)ကြိမ်၌ မီးဖိုမီး(၅၁)ကြိမ်၊ ပေါ့ဆမီး (၅၉)ကြိမ်၊ လျှပ်စစ်မီး (၅၀)ကြိမ်၊ ရှို့မီး (၄၁)ကြိမ်၊ အလိုအလျောက်မီး (၆)ကြိမ်၊ တောမီး (၁၇)ကြိမ်နှင့် မိုးကြိုးမီး (၂)ကြိမ် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ခရိုင်အလိုက် မီးလောင်ဖြစ်ပွားမှုအနေဖြင့် စစ်ကိုင်းခရိုင်အတွင်း (၂၅)ကြိမ်၊ မုံရွာခရိုင်အတွင်း (၄၅)ကြိမ်၊ ယင်းမာပင်ခရိုင်အတွင်း (၂၉)ကြိမ်၊ ရွှေဘိုခရိုင်အတွင်း (၄၉)ကြိမ်၊ ကန့်ဘလူခရိုင်အတွင်း (၁၆)ကြိမ်၊ ကောလင်းခရိုင်အတွင်း (၁၀)ကြိမ်၊ ကသာခရိုင်အတွင်း (၁၇)ကြိမ်၊ ကလေးခရိုင်အတွင်း (၈)ကြိမ်၊ တမူးခရိုင်အတွင်း (၁၀)ကြိမ်၊ မော်လိုက်ခရိုင်အတွင်း (၁)ကြိမ်နှင့် ခန္တီးခရိုင်အတွင်း (၁၆)ကြိမ်ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)