(၁၇-၁-၂၀၂၁ ရက်၊ ဆိုးလ်)
၁။ COVID-19 ကူးစက်ရောဂါကာလအတွင်း၌ အမေရိကန်ပြည်ထာင်စုနှင့် နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် အပတ်စဉ် အင်္ဂါနေ့တိုင်း ပျံသန်းပြေးဆွဲနေသည့် ကယ်ဆယ်ရေးလေယာဉ်အပြင် မြန်မာသံရုံး၊ ဝါရှင်တန်ဒီစီမှ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အထူးအစီအစဉ် အဖြစ် ၁၇-၁-၂၀၂၁ ရက်နေ့ တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် ကယ်ဆယ်ရေးလေယာဉ်တစ်စီး ပျံသန်းပြေးဆွဲ ပေးခဲ့သည်။
၂။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့ သို့ ၁၆:၃၄ နာရီ အချိန်တွင်ထွက်ခွာခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံသား (၆၄) ဦး၊ ပနားမားမှ (၁၀) ဦးနှင့် ကိုရီးယား သမ္မတနိုင်ငံမှ (၃၆) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၁၀) ဦး တို့ စီးနင်းလိုက်ပါ သွားသည်။
၃။ လိုက်ပါသည့် ခရီးသည်များ အခက်အခဲ တစ်စုံတစ်ရာမရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
#Ministry of Foreign Affairs Myanmar


