သာပေါင်း၊ ၁၇ ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်း အင်းလုပ်ငန်းများကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၁၆ ရက်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သာပေါင်းမြို့နယ် နဲမဲ့အင်း၊ ကျီးပင်အိုင်ကမ်းပါးနီအင်း၊ ဝက်ဘာလေး (ထန်းဇင်လှ)အင်း၊ အိုင်ကောက်အင်း၊ ချောင်းသုံးချောင်းအင်း၊ စခန်းကြိးအင်းနှင့် အဆိုပါအင်းတို့၏ ရိုး၊ ချောင်း၊ ရိုးစွပ်၊ အိုင်၊ ပြန့်ဝိုင်းများရှိဆည်များအား ရေစီး/ရေလာ ဟန့်တားမှုမရှိစေရေး၊ အင်းလုပ်ငန်းနှင့် လယ်လုပ်ငန်းသဟဇာတမျှတစွာ လုပ်ကိုင်နိုင်ရေးအတွက် ပြင်ဆင်ရန်ရှိသည့်ဆည်များ ပြင်ဆင်ခြင်း များကို သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အင်းဂရန်ကိုင်များ၊ အစုအဖွဲ့ဝင်များက မြို့နယ်ငါးလုပ်ငန်းကြီးကြပ်မှု ကော်မတီနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

 

MDN