ရေဦး၊ ၁၇ ဇန်နဝါရီ
ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝငါးသယံဇာတများနှင့် ဒေသတိုင်းရင်းငါးများ၏ ဂေဟဗေဒစနစ်ကို ထိခိုက်ပျက်စီးစေသည့် ပြည်ပမှတရားမဝင်တင်သွင်းလာသော စုပ်ခွက်ငါး (Hypostomus plecostomus) များအား မြစ်၊ ချောင်း၊ အင်းအိုင်များသို့ စေလွှတ်ခြင်းမပြုရန်၊ စုပ်ခွက်ငါးနှင့်ပတ်သက်၍ သဘာဝရေပြင်များတွင် ပြန့်ပွားမှုမရှိစေရေးအတွက် ဝိုင်းဝန်းကာကွယ်ကြရေးတို့ကို အသိပညာပေးပြောကြားပြီး ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဟောပြောပွဲသို့ ဒီပဲယင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
MDN


