ဖလမ်း၊   ၁၈   ဇန်နဝါရီ

 

ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေလုံလောက်စွာ ရရှိရေးအတွက် ဖလမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ ဒေသခံပြည်သူများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၀ ဒသမ ၄၅၀ ကုန်ကျခံကာ တင်ဒါရ J&E ကုမ္ပဏီက ၃ မိုင်အရှည် PVC နှစ်လက်မ ပိုက်ဖြင့် ရေသွယ်ယူခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်ကန် တည်ဆောက်ခြင်း၊ ရေစုကန် တစ်လုံးတည်ဆောက်ခြင်းနှင့် ရေစစ်ကန် တစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းအားလုံး၏ ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာနေ အိမ်ခြေ ၂၅ အိမ်မှ လူဦးရေ ၁၄၅ ဦးအတွက် သောက်သုံးရေလုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)