နတ်မောက်၊ ၁၈ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနေကြာ စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
နတ်မောက်မြို့နယ်၌ ဆီထွက်သီးနှံအနေဖြင့် နှမ်းသီးနှံပြီးလျှင် မြေပဲသီးနှံနှင့် နေကြာသီးနှံတို့ကို အများဆုံး စိုက်ပျိုးကြကာ ဆီထွက်သီးနှံအနက် နေကြာသည် သီးထပ်သီးညှပ်ပုံစံအမျိုးမျိုးဖြင့် ရာသီမရွေး မျိုးစေ့ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစိုက်ပျိုးနိုင်သော သီးနှံဖြစ်၍ မိုးရာသီတွင် မေလနှင့်ဇွန်လများတွင်လည်းကောင်း၊ ဆောင်းရာသီတွင် စက်တင်ဘာလနှင့် အောင်တိုဘာလများတွင်လည်းကောင်း စိုက်ပျိုးကြသည်။ သက်တမ်းအားဖြင့် လေးလခန့်ကြာမြင့်ပြီး ဆောင်းနေကြာစိုက်ပျိုးရာတွင် တစ်ဧကကို လေးပြည်နှုန်း စိုက်ပျိုးရကာ အထွက်နှုန်းအားဖြင့် တင်း ၃၀ ခန့်ထွက်ရှိကြောင်း၊ နေကြာတစ်တင်းကို ဆီလေးပိဿာနှုန်းထွက်ရှိကြောင်း ဆောင်းနေကြာ စိုက်ပျိုးသူ တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။
သင်းသင်းဝေ


