ဇလွန်၊ ၁၈ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) ဝတ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို ဇန်နဝါရီ ၁၈ ရက် နံနက် ၈ နာရီက လမ်းဆုံနေရာနှင့် ဈေးတို့တွင် ဆောင်ရွက်ကြသည်။
ပြည်သူများ နှာခေါင်းစည်း (Mask) ဝတ်ဆင် သွားလာကြစေရန် အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို လက်ကိုင်စပီကာဖြင့် နှိုးဆော်အသိပေးခြင်း၊ နှာခေါင်းစည်း(Mask) မဝတ်ဆင်သူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် ဝတ်ဆင်ပေးခြင်း တို့အား ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း အခု ၇၀ဝ ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)