ကျောက်ထု၊ ၁၈ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့တွင် မကွေး(၁၆) ဆောင်းမြေပဲ မျိုးစေ့အား မင်းကြည့်ကျေးရွာအုပ်စုရှိ လယ်ယာမြေ ကွင်းအမှတ်(၉၀) ဦးဘိုဝင်း လယ်ယာမြေတွင် သဘာဝ မြေဆွေးနှင့် နွားချေးဖြင့် ရောစပ်ထည့်သွင်းကာ ထွန်ယက်ပြီး ကွန်ပေါင်း ဓာတ်မြေဩဇာများ ထည့်သွင်း စိုက်ပျိုးထားသည်။                   

 

ထိုသို့ စိုက်ပျိုးရာသို့ ကျောက်ထုမြို့ရှိ စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းကာ ပညာပေး ဆွေးနွေးကြသည်။ ဆောင်းမြေပဲများ စိုက်ပျိုးကြရာတွင် တစ်ဧကလျှင် မျိုးစေ့ ၃၂ ပြည် စိုက်ပျိုးရပြီး ယခင်နှစ် မှတ်တမ်းအရ တစ်ဧကလျှင် အထွက်နှုန်းတင်း ၈၀ ထွက်ရှိကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မြင့်က ပြောပြသည်။    

 

ဒေသရှိ မြေပဲပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် ငွေကျပ် ၁၂၀၀၀ ဈေးရှိပြီး ဒေသတွင်း ရောင်းချသည့် အပြင် အခြားဒေသများသို့လည်း ဖြန့်ဖြူး၍ ရောင်းချလေ့ရှိကြောင်း သိရသည်။

 

မောဟေမာန်(ပြန်/ဆက်)