မုံရွာ၊ ၁၈ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်း ၅၁ လမ်းနှင့် ကုန်ထုတ်တံတား ၁၁၆ စင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ မြို့နယ် ၃၂ မြို့နယ်၌ ကုန်ထုတ်လမ်းများ ဖောက်လုပ်ရာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများမှာ မြေလမ်း ၁ လမ်း၊ အရှည် ၂ မိုင်၊ ဂျင်းလမ်း ၂ လမ်း၊ အရှည် ၄ / ၁ ဒသမ ၄ မိုင်၊ မြေ+ဂျင်းလမ်း ၄၁ လမ်း၊ အရှည် ၅၈/ ၇ ဒသမ ၇၉ မိုင်၊ စုစုပေါင်း ကုန်ထုတ်လမ်း ၄၄ လမ်း၊ အရှည်အားဖြင့် ၆၅/ ၁ ဒသမ ၁၉ မိုင်တို့ကို ခန့်မှန်းကုန်ကျငွေ ၂၃၂၁ ဒသမ ၃၇ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အလားတူ မြို့နယ် ၅ မြို့နယ်၌ တိုင်းဒေသကြီးရန်ပုံငွေဖြင့် မြေ+ဂျင်းလမ်း ၇ လမ်းကို အရှည် ၁၂/၇ မိုင်အတွက် ခန့်မှန်းကုန်ကျငွေ ၅၀၆ ဒသမ ၁၃ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း သိရသည်။
အလားတူ မြို့နယ် ၂၂ မြို့နယ်၌ ကုန်ထုတ်တံတားများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများမှာ တံတား ၃၆ စင်း၊ အတိုင်းအတာအားဖြင့် ၈၂၉ ပေ၊ ရေကျော်တံတား ၇ စင်း၊ အတိုင်အတာအားဖြင့် ၂၇၄ ပေ၊ ရေပြွန်တံတား ၅၂ စင်း၊ အတိုင်အတာအားဖြင့် ၂၂၀ ပေ၊ အခြား(မြေထိန်းနံရံ) ၁ စင်း၊ အတိုင်းအတာအားဖြင့် ၄၅၀ ပေ၊ စုစုပေါင်း တံတား ၉၆ စင်း၊ အတိုင်းအတာအားဖြင့် ၁၇၇၃ ပေအတွက် ခန့်မှန်းကုန်ကျငွေ ၁၃၂၉ ဒသမ ၆၉ သန်းဖြင့်လည်းကောင်း၊ ထို့အတူ မြို့နယ် ၂ မြို့နယ်၌ တိုင်းဒေသကြီးရန်ပုံငွေဖြင့် တံတား ၁၀ စင်း၊ အတိုင်းအတာအားဖြင့် ၁၂၃ ပေ၊ ရေပြွန် ၁၀ စင်း၊ အတိုင်အတာအား ၁၅ ပေ၊ စုစုပေါင်း တံတား ၂၀ စင်း၊ အတိုင်အတာအားဖြင့် ၁၃၈ ပေအတွက် ခန့်မှန်းကုန်ကျငွေ ၇၄ ဒသမ ၈၉ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မွှေးကြူဇင်


