ကျိုက်မရော၊ ၁၈ ဇန်နဝါရီ
မော်လမြိုင် ကျိုက်မရောသွားကားလမ်း ခြောက်မိုင်ထန်းပင်တန်းအနီးတွင် ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီက အုတ်များသယ်ဆောင်လာသော ထော်လာဂျီယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထန်းပင်ဝင်တိုက်ကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ခဲ့သည်။
အဆိုပါ ကျိုက်မရော မော်လမြိုင်ကားလမ်းမပေါ်၌ မောင်းနှင်သွားလာနေကြသော အုတ်တင်ယာဉ်အချို့၏ စည်းကမ်းမဲ့မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း အုတ်ကားမှောက်ရာတွင် ကူညီပါဝင် ဆောင်ရွက်သူတစ်ဦးက ပြောသည်။
အုတ်တင်ယာဉ်များအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ကြရန် လိုအပ်ကြောင်း အဆိုပါထန်းပင်တန်းအနီး နေထိုင်သူ ယာဉ်မောင်းသူတစ်ဦးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)