နေပြည်တော်၊ ၁၈ ဇန်နဝါရီ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ရှရိဖ် ဆလာ အယ်လ်ဒင် အဲလစ်သီအား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် သမိုင်းကြောင်းရှည်လျားစွာ တည်ရှိခဲ့သော မြန်မာ-အီဂျစ် နှစ်နိုင်ငံ ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်အချင်းချင်း ဆက်သွယ်ဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာ့လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


