ပြည်  ၁၈ ဇန်နဝါရီ  

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ပေါက်တောကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

ဖွင့်ပွဲတွင် ပြည်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နယ်မြေခံကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်တွင် လူနာနားနေခန်း၊ ဆရာဆရာမ နားနေခန်း၊ ဆေးစတိုခန်း၊ ဆေးကုသခန်းနှင့် သားဖွားခန်းတို့ပါဝင်သည်။

 

ကျေးလက်ကျန်းမာရေးဌာနခွဲအနေဖြင့် ကြာအင်းကျေးရွာအုပ်စုအတွင်း ကျေးရွာခွဲများရှိ အိမ်ခြေ(၁၀ဝ၀)ကျော်မှ ကျေးလက်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ကုသပေးမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)