အင်္ဂပူ ၁၉ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ နန်ကသူဆည်ရေလှောင်တမံမှ မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု(၁၄)အုပ်စုမှ‌ နွေစပါးဧက (၅၇၄၅)ဧကအတွက် စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေ လျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် နန်ကသူဆည် ရေလှောင်တမံမှ ရေလှောင်ပမာဏ ဧကပေ(၄၀၀၀၀)  သိုလှောင်ထားရှိပြီး အင်္ဂပူမြို့ နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၄)အုပ်စုတို့မှ နွေစပါးဧက (၅၇၄၅)ဧကအတွက် စိုက်ပျိုးရေများကို တူးမြောင်းမကြီး အပါအဝင် လက်ဝဲမြောင်းခွဲ၊လက်ယာမြောင်းခွဲနှင့် လက်တံမြောင်းတို့ဖြင့် လုံလောက်စွာ ပေးဝေလျက်ရှိပြီး တူးမြောင်းမကြီးအပါဝင် လက်ဝဲမြောင်းခွဲ၊လက်ယာမြောင်းခွဲနှင့် လက်တံမြောင်းတို့အား ရေစီးရေလာကောင်းမွန်ရေးတို့ကိုဆောင်ရွက်ထားကြောင်း၊ နွေစပါး စိုက်တောင်သူများအားဇန်နဝါရီ(၁) ရက်နေ့မှစတင်ပြီး စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း၊ ရေအသုံးချသူများအဖွဲ့ (WUG)၂၂ဖွဲ့အား နွေးစပါးစိုက်တောင်သူ (၁၉၄၂)ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း အင်္ဂပူမြို့နယ်ဆည် မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးသိန်းလင်းကျော် ထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)