ချောင်းဆုံ၊ ၁၉ ဇန်နဝါရီ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် အများပြည်သူများ၏ အသက်အိုး အိမ်စည်း စိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များ ကျရောက်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ ရက်နေ့ နံနက် (၈)နာရီက ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေ့ကျင့်မှုများဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကျရောက် လာပါက လုပ်းငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်မှ ဦးစီးပြီး တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များ၊ ပြည်သူ့အကျိုးပြုလုပ် ငန်းစဉ်များအတွက် ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


